Love In The House

Wednesday, November 17, 2010

လက်ဖွဲ့ ရထားသည့် အိမ်အသစ်ကြီးတွင် love ကို  ပျော်ပျော်ကြီး စံစား ခံစားနိုင်ရန် အိပ်ခန်းအပြင်အဆင်ကို  စိတ်တိုင်းကျ ပြင်ဆင်ကြသည် ။ အိစက်ညက်ညော ဖဲမွေ့ ရာပေါ်၌ ငတ်မပြေသော ပင်လယ်ရေကို အတူတူ သောက်သုံးရန် ပင်မအိမ်ခန်းနေရာတွင် ကုတင်ကို နေရာချသည့်အခါ energy ကို တွန်းအားပေးသည့် အနေအထားမျိုးကို ချမိသွားတတ်သည်။

 ဥပမာ - တနင်္ဂနွေ နှင့် စနေ သားသမီးတို့ ကုတင်နေရာချသည့်အခါ  အနောက်မြောက်ဖက် နှင့်  အရှေ့  တောင်ဘက် တို့ ကို ကုတင် axis အတွက်  အသုံးပြုမိတတ်သည်။  ထိုနေရာသည် တနင်္ဂနွေ နှင့် စနေတို့ ၏ private place ( ဋ္ဌာန ) နေရာများ ဖြစ်သည်။


ထိုကဲ့သို့ မိမိအလိုရှိသည့် အင်အားများကို ရယူရန် အတွက် ကုတင်ကို နေရာချရာတွင် သံလိုက်အိမ်မြှောင်ကို အသုံးပြုသင့်သည်။ နေထွက်ရာအရပ်ကို မူတည်ပြီး မိမိ၏ စိတ်မှန်း ၊ အမြင်ဖြင့် နေရာမချသင့်ပါ။ သံလိုက်အိမ်မြှောင်မှ ညွန် ပြသည့်အတိုင်း North West နှင့် North East ကို ကုတင် ၏ axis အနေဖြင့် ထားလိုက်ပါက ကာမစွမ်းအင်များအတွက် အဆင်ပြေသွားပါပြီ ။ 

တစ်နည်းအားဖြင့် Sun ၏ 7th House နှင့် Saturn ၏ 7th House , တစ်နည်းအားဖြင့် private (ဋ္ဌာန) နေရာမှ love energy များကို ရယူလိုက်ခြင်းဖြစ်သည်။
 

Posts Comments

©2006-2010 ·TNB