sample post

Thursday, November 18, 2010

အမေး/အဖြေ ကဏ္ဍတွေကို အမှတ်စဉ် (၄)ကို ရောက်ပြီးကတည်းက “ပိတ်”ထားလိုက်တာ အတော်တောင် ကြာသွားခဲ့ပြီကော။ ဒီ ဘလော့ အတွက် အချိန်ပေးနိုင်မှု နည်းတာကြောင့်ရယ်၊ ကျန်းမာရေးကလည်း မကောင်းလှတာရယ်ကြောင့် ပို့စ်တွေလည်း မှန်မှန် မတင်နိုင်တာ ကြာသွားပြီ။ နေကောင်းတဲ့ အချိန်လေးမှာ ကိုယ့် ဘလော့ဂ်ထဲ ၀င်ကြည့်လိုက်တိုင်း “ဗေဒင် မေးလို့တဲ့ ညီအစ်ကို မောင်နှမတွေရဲ့ မေးမြန်း ထားတာတွေက “ကွန်းမန့်တွေထဲမှာ” အများဆုံး ဖြစ်နေတယ်။

ဟုတ်တယ်။ မေးချင်တဲ့ သူတွေကလည်း ဘယ်နေ့ပြန်ဖွင့်ပါ့မလဲ ဆိုပြီး မျှော်နေကြရှာရော့မယ်။ ဟိုနေရာ ဒီနေရာတွေ လျှောက်ပြီး မေးနေသူတွေအတွက်လည်း စနစ်တကျ ဖြစ်သွားအောင် မေးပြီးသား မေးခွန်းတွေကို အခုအသစ်ဖွင့်တဲ့ အမေးအဖြေ ကဏ္ဍ(၅)ထဲမှာ ပြန်ပြီး မေးကြပေါ့။

စိတ်မရှည်နိုင်လို့ အီးမေးလ်ကနေ ၀င်မေးတဲ့ ကိစ္စတွေမှာလည်း ဖြေသင့်သလောက်ဘဲ ဖြေပေးပါတယ်။ အားလုံးတော့ ဖြေမပေးပါ။ ဒါကြောင့် အီးမေးလ်မှာ ဖြေမထားတာကြာနေလှရင်တော့ ဒီအထဲမှာ ၀င်မေးပါ။ ဒီနေရာကနေ လင်ခ် သွားလိုက်ပါ။
 

Posts Comments

©2006-2010 ·TNB